သင့်ရဲ့ password ကို Hacker တွေ ရယူနိုင်ပုံ နှင့် ကာကွယ်နည်း

0
9/19/2012 07:29:00 PM


၁။  ။ကွန်ပျူတာခလုပ်ခုံ (ကီးဘုတ်) မှမှတ်တမ်းများရယူခြင်း..။(Log Keystoke)
               ဒီနည်းကတော့ Key logger progrem တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ဒီနည်းနဲ့အသုံးပြုသူရဲ့ 
ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တနက်ဆိုင်မှာ သုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger progrem ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။)
၂။  ။စကားဝှက်များရယူခြင်း ( Hack password)
                    စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်
အပေးအများဆုံးတွေကို ခန့် မှန်းဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။Dictionary Attack & 
Brute Force Attack ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။


၃။  ။မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း(Gain backdoor)
                 မိမိကွန်ပျူတာရဲ့ အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack &  Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။

(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထဲ့ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
  Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)
၎။  ။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Crate bonet computer)
                   ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကြမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို DDistribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။
၅။  ။အီးမေးလ်များမှရယူခြင်း (Phishing)
                  ဒီနည်းကတော့ အသုံးပြုသူရဲ့ အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ အီးမေးလ်တွေကို
ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်းသုံးပါတယ်။(အနီးစပ်ဆုံးပြောရရင် မနှစ်ကတော်တော်နာမည်ကြီးခဲ့တဲ့
ဝီကီလိစ်ဒ် ဖောက်ချခဲ့တဲ့ ကြေးနန်းတွေ၊အီးမေးလ်တွေက ဒီနည်းနဲ့သုံးခဲ့တာပါ။)

ဒါတွေကတော့မိမိpassword ကို Hacker တွေဘယ်လိုရယူနိုင်လည်းဆိုတာတွေထဲက နည်းလမ်းတစ်ချို့ ပါ။
ကဲဆက်ပြီးတော့ ဒါတွေကိုဘယ်လိုကာကွယ်နိုင်မလည်းဆိုတာ ကျွန်တော်သိသလောက်ပြန်လည်မျှဝေပါမယ်။
၁။  ။တစ်ခါမှာမေးလ်မပို့ ဖူးသူ(မိမိနဲ့ မသိသူ) ပေးပို့ လာတဲ့အီးမေးလ်တွေကိုသေချာစစ်ဆေးပါ။မေးလ်းပို့ပြီး
သူငယ်ချင်းတို့ ရဲ့ ပက်ဝက်(password) ကိုယူမယ့် progrem ကိုသူငယ်ချင်းတို့ ကိုယ်တိုင်နှိပ်မိအောင်
နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ။ဒါကြောင့် အီးမေးလ်စစ်တဲ့အခါမှာ ကိုယ့်ဆီဝင်လာတဲ့မေးလ်တိုင်း သေချာအောင်စိစစ်ပါ။
ဖွင့်ပြီးဖက်လို့ကြည့်လို့ တော့ရပါတယ်။ဒါပေမဲ့အထဲကပါလာတဲ့ဖိုင်တွေ၊link တွေကို လုံးဝမနှိပ်မိပါစေနဲ့ ။မသင်္ကာဘူးထင်ရင်
တစ်ခါတည်း ဖျက်လိုက်ပါ။password ခိုးမယ့်ဖိုင်ဟာ သီချင်း၊ဗီဒီယို၊ဆော့ဝဲ၊လင့် တစ်ခုခုဖြစ်နေပါလိမ့်မယ်။ဒါတွေက
Song+ Hack progrem(or) Movie+ hack progrem(or) Software+ Hack progrem တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် ဖန်တီးထားတဲ့ Web Site ရဲ့ လင့်တစ်ခုခုဖြစ်နေပါလိမ့်မယ်။(ဥပမာပေါ့ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင်
ဒီမှာကလစ်လိုက်ပါဆိုပြီး ကိုယ်ကကြည့်ချင်ဇောနဲ့ ကလစ်လိုက်ရင် ဟိုကားမကြည့်ရပဲ ကိုယ့်ပက်ဝက်(password)
ပါသွားပါလိမ့်မယ်။အထူးသဖြင့် ကျွန်တော်တို့ ဘော်ဒါကြီးတွေ သတိထားပါဗျ။)
၂။  ။ဒီတစ်ချက်ကတော့သူငယ်ချင်းတို့ စက်မှာ Gtalk သုံးရင် rememver password နေရာကို
အမှန်မှတ်လေးတစ်ခါတစ်လေပျင်းလို့ပဲခြစ်မိတယ်ထားပါဦး အဲ့ဒိပက်ဝက်(password ) ကို
ကွန်ပျူတာကမှတ်သွားမှာပါ။နောက်ပြီး Mozila နဲ့ မေးလ်စစ်တဲ့အခါတွေ၊web site တစ်ခုခုမှာ
မန်ဘာဝင်တာတွေမှာ remember ပက်ဝက်(password) တွေမလုပ်မိပါစေနဲ့ ။
၃။  ။Key Logger ဝင်မဝင်စစ်ပါ။
              ဒါကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့မိမိpassword ရယူနိုင်တဲ့နည်းတွေထဲက
နံပါတ်တစ်အချက်ကိုပြောတာပါ။ဒါကတော့အင်တာနက်ဆိုင်မျာသုံးရတဲ့သူငယ်ချင်းတွေအတွက်ပါ။
ဆိုင်မှာသုံးတဲ့သူတွေအနေနဲ့  မိမိသုံးနေတဲ့စက်မှာ key logger software ကြိုပြီး run
ထားလားဆိုတာစစ်ဆေးရပါမယ်။ဒီဆော့ဝဲက သူငယ်ချင်းတို့ keyboard မှာရိုက်သမျှစာတွေကို
မှတ်ထားတဲ့ဆော့ဝဲပါ။နောက်ပြီးကိုယ်ဝင်ထားတဲ့website တွေအားလုံး မိမိလုပ်ဆောင်ချက်
်အားလုံးလို့ ပြောပါတော့။အဲ့တာတွေအားလုံးကိုလိုက်မှတ်နေမှာပါ။ဒီတော့ကာ အဲ့ဒီဆော့ဝဲလေး
run ထားလားဆိုတာသိရအောင်ဘယ်လိုစစ်မလည်း။ဟုတ်ကဲ့ပြောပါမယ်။ 
              Ctrl+Shift+Esc(or)Ctrl+Alt+Del eJY Task Manager ကိုခေါ်လိုက်ပါ။ Process
ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။ရှိတယ်ဆို၇င်တော့သေချာပါတယ်။
key logger software သုံးထားပါတယ်။ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လည်း
ရပါတယ်။ တွေ့ နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။  အဲ့ဒါဆိုရင်တော့
key logger ကိုကာကွယ်နိုင်ပါပြီ။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့
process tag  ထဲကကိုယ်သုံးမဲ့ Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
 Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ့ 
ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ...
အန္တရယ်ကင်းဘေးရှင်း အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
Task Manager မှာဆော့ဝဲရှာတဲ့ပုံလေးပါ...
Task Manager မှာ msdts.exe ဖိုင်ရိနေတယ်ဆိုရင်ပုံကအပြာရောင်လိုင်းလေးအတိုင်းဖိုင်ပေါ်ကိုကလစ်လိုက်ပါ
ပြီးရင်အောက်ကEnd process ဆိုတာကိုနှိပ်လိုက်ပါ။အဆင်ပြေကြပါစေ

About the author

Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.

0 comments: