ပေါပါဘိ အဘိဓာန်

0
9/19/2012 06:19:00 PM
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေတစ်ဦး ရောက်ရှိလာပြီး အွန်လိုင်းပေါ်တွင် မတွေ့၍ လူကိုယ်တိုင် လိုက်လာရကြောင်း ပြောလေ၏။ ကျွန်ုပ်လည်း အင်တာနက် မသုံးရ၊ ဘလော့ဝင်မရခြင်းများကြောင့် အွန်လိုင်းပေါ်တွင် မရှိကြောင်း ဖြေကြားလေပြီး လာရင်းကိစ္စကို မေးမြန်းလေ၏။

ကွန်ပျူတာသုံး အဘိဓာန် ရှိက လိုချင်၍ လိုက်လာရကြောင်း၊ အခမဲ့ဆိုက ပိုကောင်းကြောင်း မေးမြန်းလေသည်။ ကျွန်ုပ်လည်း ရှိသမှ ပေါပေါ့ဟု ဖြေကြားလေပြီး Cyber သို့ ခေါ်ဆောင်ခဲ့ကာ အင်တာနက်တွင် ရှာလျက် အလွယ်တကူ ဒေါင်းပေးလေ၏။ ယခုတွင် ပညာရှင်များစွာကြောင့် အဘိဓာန်များစွာ ပေါ်ထွက်နေပြီး အလွန်ကျေးဇူးတင်စရာ ကောင်းကြောင်း အားရ၀မ်းသာ ပြောပြီး တစ်ခုချင်းစီကို ရှင်းပြလိုက်၏။

Wxpydict ဆိုလျှင် မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ ရရှိကြောင်း၊ အလားတူပင် ရွှေရိုးအဘိဓာန်သည်လည်း သုံးစွဲရလွယ်ကူကြောင်း၊ ဒါ့အပြင် ထွက်တာ ရက်ပိုင်းသာ ရှိသေးသည့် Whizzo နှင့် Tara dictionary တို့သည်လည်း အသုံးဝင်ကြောင်း ရှင်းပြလေ၏။

ကျွန်ုပ်၏ မိတ်ဆွေလည်း တစ်ထိုင်တည်းဖြင့် အခမဲ့အဘိဓာန်များကို ရရှိသွားရာ ၀မ်းမြောက်စွာဖြင့် ကျေးဇူးတင် စကားပြောကြားပြီး ပြန်သွားလေတော့သည်။

About the author

Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.

0 comments: