တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ဓာတ်ပုံဆရာတစ်ဦး လာရောက် အကူအညီတောင်းခံလေ၏။ ၎င်း၏ SD Card ထဲရှိ ဓာတ်ပုံများကို မှားယွင်းစွာ ဖျက်မိသဖြင့် စိတ်ညစ်နေရကြောင်း ပြောဆိုပြီး ကူညီနိုင်က ကူညီပေးရန် ပြောလေသည်။ ကျွန်ုပ်မှာလည်း တတ်သိပညာ မနေသာ၍ မိမိတွင် ရှိနေသည့် PC Tools File Recover Software ဖြင့် ၎င်း၏ ဖျက်မိသော ဓာတ်ပုံများကို ပြန်ရှာပေးလေသည်။
Software ၏ ကောင်းကျိုးကြောင့် လိုချင်သည့် ဓာတ်ပုံများ ပြန်လည်ရရှိလေသည်။ ဓာတ်ပုံဆရာသည် File Recover Software ကိုလည်း လိုချင်ကြောင်း၊ ကွန်ပျူတာထဲ Install မည်သို့လုပ်ရမည်ကိုလည်း သိလိုကြောင်းဖြင့် တောင်းယူလေ၏။
ကျွန်ုပ်၏ ကွန်ပျူတာထဲတွင် ရှိသော PC Tools File Recover Software ဖိုင်ကို ပေးပြီး Software ကို Install လုပ်ပြီးပါက User name ကို Black Riders ထည့်ပြီး register key ကို 5324-098E-4C80-DE71-F64C-14C6-6B0C-0DD7-D21D-DAC9-A482 ထည့်သွင်းမှ Full Version ဖြစ်မှာ ဖြစ်ကြောင်း ပြောကြားလေ၏။
ဒါ့အပြင် ဤ Software သည် ဓာတ်ပုံအပြင် Database, Video, Music, Graphics, Documents, Archives, Email တို့ကိုလည်း Recover ပြန်လုပ်ယူနိုင်ကြောင်း ရှင်းပြလိုက်သည်။ ဓာတ်ပုံဆရာလည်း ကျွန်ုပ်အား အလွန်ကျေးဇူးတင်သဖြင့် ကော်ဖီဖြင့် ပြုစုချင်ကြောင်း ပြောလေသည်။ ကျွန်ုပ်လည်း ၀ါးရလေချည်းရဲ့ဟု စိတ်ကူးဖြင့် လိုက်ပါခဲ့လေတော့သည်။
About the author
Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.
0 comments: