Nokia ဖုန်းကို PC မှာ အင်တာနက်သုံးမယ်

0
9/19/2012 06:23:00 PM
တစ်နေ့သ၌ ကျွန်ုပ်သည် နှစ်သိန်းတန်ဖုန်း၏ ခေတ်စားမှုများ၊ ၎င်းဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနေမှုများ သတင်းတို့ကို အင်တာနက်ဂျာနယ်တွင် ပါရှိ၍နေလေရာ ဖတ်ရှုနေမိတော့သည်။

"ဗျို့ ကိုမင်းလွင် . . . . ခင်ဗျားမှာတော့ ဂျာနယ်လေး ဖတ်ပြီး အေးဆေးနေတာပေါ့လေ"
"ဟဲ . . . ဟဲ . . . ဒီလိုပါဘဲ. . . . မောင်ရင် ရောက်လာပုံထောက်ရင် ကိစ္စတော့ ရှိပြီး မဟုတ်လား . . . "
"သေချာတာပေါ့ဗျာ . . . သူများ အရှုးထလို့ လိုက်အရှုးထမိတာ အဆင်မပြေပါဘူး။ . . . . "
"ဘာတွေ အရှုးထပြန်တာလဲ . . . မောင်ရင်ရဲ့ . . . "
"အခု ကျွန်တော်က နှစ်သိန်းခွဲတန် WCDMA ၀ယ်ထားတယ်လေ။ ဒါ့အပြင် အင်တာနက်လိုင်းပါ ဖွင့်ထားတယ်။ ခက်တာက ကွန်ပျူတာနဲ့ ချိတ်သုံးချင်တာ . . . ဆိုင်သွားမေးတော့ အစ်ကိုတို့အမျိုးအစားကို ကျနော်တို့ မလုပ်တတ်ဘူး။ Android OS ဖုန်းတွေပဲ လုပ်တတ်တယ်တဲ့လေ။"

ဟား ဟား ဖြစ်ရမယ် . . . နို့ နေပါအုံး မောင်ရင်ရဲ့ ဖုန်းက ဘာအမျိုးအစားမို့လဲ . .. . .
အမျိုးအစားနဲ့ မော်ဒယ်က မနိမ့်ပါဘူး အစ်ကိုရာ . . . Nokia C2-02 ပါ . . .

ကျွန်ုပ်လည်း မောင်သိန်းဝင်း၏ ဖုန်းအား တစ်ခုချင်းစီ ကြည့်မိလေ၏။ ဖုန်းအတွင်းရှိ Apps များကို ကြည့်ရာ Nokia Ovi Suite ပါဝင်သည့်အတွက် အင်တာနက်လိုင်းကို ကွန်ပျူတာနှင့် အလွယ်တကူ ချိတ်ဆက်၍ ရ ကြောင်း ချက်ချင်း သိလေပြီး အောက်ပါအတိုင်း လုပ်ပေးလိုက်လေတော့သည်။


ဖုန်းတွင် လုပ်ဆောင်ရန်
(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။


ကွန်ပျူတာတွင် လုပ်ဆောင်ရန်
(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
(၂) ဖုန်းကို USB နဲ့ ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။

Setting အား လုံး ပြုလုပ်ပြီးသောအခါ Google ဆိုသည့် စာမျက်နှာကြီးမှာ ဗွင်းဗွင်းကြီး ပေါ်လာလေတော့သည်။ ကဲ မောင်သိန်းဝင်း . . . မောင်ရင် လိုချင်တဲ့ အင်တာနက်ဆိုတာကြီး ပေါ်လာပြီးဆိုတော့ ကျေနပ်ပြီး မဟုတ်လား။

ဟား ဟား ကျေနပ်တယ်၊.... ကျေနပ်တယ် .. . ကိုမင်းလွင်ရေ ကျေးဇူးဗျာ။ ကိုမင်းလွင်က  ဒီလိုမျိုးတွေပါ လုပ်တတ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ ဟ ဟား ကျေးဇူးပဲဗျာ။ လာဗျာ Go to the Tea shop ။

အိမ်း ဖြစ်ရမယ်. . . တိုက်သူ ပြုစုသူ ရှိတော့လည်း လက်ခံရမှာပေါ့ ဟု ဆိုကာ နီးရာ လဘ္ကရည်ဆိုင်သို့ ထွက်ခဲ့လေတော့သည်။

About the author

Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.

0 comments: