ကူးတာ မြန်ဖို့

0
9/19/2012 06:22:00 PM
တစ်နေ့သ၌ ကျွန်ုပ်သည် ရုံးတွင် အင်တာနက်သုံးစွဲလေ့ရှိသည့်အခါတိုင်း အမေးထူသည့် မောင်သိန်းဝင်းက ထုံးစံအတိုင်း ကျွန်ုပ်ဆီသို့ ရောက်ရှိလို့ လာပြန်လေ၏။
"ဆရာသမား . . . အေးဆေးပဲ မဟုတ်လား . . ."
"အေးတာမှ ရေခဲကတောင် အဖခေါ်ရမလားပဲ . . ."
"ဒါဆို တစ်ခုတော့ မေးချင်ရဲ့ . . . "
"သိတာပေါ့ မေးတော့မယ်ဆိုတာ . . . မေးလိုရာ မေးပါ"
"ကျွန်တော့် စက်က လေးတာလားတော့ မသိဘူး . . . ဖိုင်တွေ Copy ကူးရင် ကြာနေလို့ . . . နည်းလမ်းလေး ရှိရင် မစပါအုံး"
"အင်း . . . စက်လေးနေရင်တော့ ပေါ့အောင် လုပ်ဖို့ လိုတာပေါ့ . . . ဒါပေမယ့် အခု လောလောဆယ် အဆင်ပြေမယ့် နည်းလမ်းလေး ပေးလိုက်မယ်"

ဖိုင်တွေကို Copy ကူးတဲ့နေရာမှာ အထိုက်အလျောက် မြန်တဲ့ ဆော့ဝဲလ်ဖြစ်သော Tera Copy ကို သုံးရန်၊ စက်မလေးဘဲ ကောင်းမွန်နေသော စက်များပင်လျှင် ၎င်းဆော့ဝဲလ်ဖြင့် Copy ကူးပါက ပိုမြန်ဆန်ကြောင်း၊ သုံးနည်းအနေဖြင့် အကျယ့်တ၀င့် ပြောစရာ မလိုကြောင်း၊ Install လုပ်ပြီးပါက Copy ကူးသည့်အခါတိုင်း ၎င်းဖြင့်သာ ကူးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး ဆော့ဝဲလ်ကို ပေးလိုက်လေတော့၏။


ကျွန်ုပ်ကိုယ်တိုင်ပင် လက်ရှိသုံးစွဲနေပြီး ကောင်းမွန်ကြောင်း ပြောကြားပြီး ၎င်းဆော့ဝဲလ် သုံးရာတွင်မှ မမြန်ဆန် သေးလျှင် တစ်ခြားနည်းလမ်းကို ပြောမည်ဟု ပြောကြားပြီး ပြန်လွှတ်လိုက်လေတော့၏။

About the author

Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.

0 comments: