Auto Respon ကို Date နဲ့သက်မှက်ရအောင်

0
12/15/2011 07:42:00 AM


ကျွန်တော်တို့ အခုနောက်ပိုင်း မေးလ်မှာ Tool အသစ်တွေ တိုးလာတာတော့ အတော်ကြာနေပါပြီ။ ဒါပေမဲ့ ကျွန်တော် မရေးဖြစ်ပါဘူး။ အခုနည်းကလဲ သိပြီးသာလဲ ဖြစ်မှာပါ။ မသိသေ သတိမထားမိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ရင် တင်ပြပေးလိုက်တာပါ။ Gmail အကြောင်းနဲ့ ပတ်သက်ပြီး Gmail နှင့် Gtalk လွယ်ကူစွာ အသုံးပြုနည်းစာအုပ်ကို ပြုစုခဲ့တာတော့ ရှိပါတယ်။ အဲဒီတုန်းက ဒီင်္အကြောင်းကို သေချာ မရေးခဲ့ဘူး။ အဲဒီစာအုပ်ပြုစုခဲ့တုန်းကတော့ last ဆိုပြီးဘဲ Tool က ပါတာပေါ့။။ အခုတော့ Tool က End ဆိုပြီး ပြောင်းထားတာ တွေ့ရတယ်။ ပြီတော့ ရက်စွဲကိုလဲ သေချာရွေးချယ်လို့ရအောင် calender ထည့်ထားတာကို တွေ့ရတယ်။ ဒါကြောင့် သုံးရတာ ပိုအဆင်ပြေလာတာ တွေ့ရတယ်။
မိမိ Gmail မသုံးတဲ့အချိန် ခရီးသွားစရာရှိတဲ့ အချိန်မှာ မိမိဆီကို မေးလ်ပို့လာတဲ့ သူငယ်ချင်းတွေကို Auto Responder လုပ်ပေးတာ ဖြစ်သလို မိမိသတ်မှတ်ထားတဲ့ ရက်ပြည့်သွားတာနဲ့ Auto Turn off ဖြစ်သွားအောင် လုပ်တာကို အဓိက အသားပေး တင်ပြချင်တာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

1.မိမိ Gmail ကို Sign In လုပ်လိုက်ပါ။
2.Setting ကို ထပ် click လိုက်ပါ။
3.Vacation responder အကွက်မှာ Vacation responder on ကို click လိုက်ပါ။ First Day အကွက်မှာက မိမိ စပြီ Responder လုပ်စေချင်တဲ့ Date ကို ရွေးချယ်ပေးပါ။ End မှာကတော့ မိမိ Responder လုပ်တဲ့အကြောင်း ဘယ်နေ့မှာ ရပ်စေချင်လဲဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Subject မှာတော့ မိမိ ရေချင်တဲ့ အကြောင်းအရာ တစ်ခုခုရေးလိုက်ပါ။ မရေးလဲ ရပါတယ်။ Message မှာတော့မိမိ ဘယ်သွားနေလို့ ဘာလုပ်နေလို့ဆိုတာကို ရေးလိုက်ပေါ့။



4.ပြီးရင်တော့ Save Changes ကို click လိုက်ပါ။ ပြီးပါပြီ။

About the author

Donec non enim in turpis pulvinar facilisis. Ut felis. Praesent dapibus, neque id cursus faucibus. Aenean fermentum, eget tincidunt.

0 comments: